Wednesday, December 26, 2012

PC for Aire Talk and Mobile for Aire Talk တဲ့ဗျာ

ကွန်ပျူတာအတွက် Aire Talk နှင့် ဖုန်းအတွက် Aire Talk နှစ်မျိုးရလာလို့ တင်ပေးလိုက်ပါတယ်။ Viber ထက်
ကောင်းတယ်ဆိုဘဲကွာ စမ်းသုံးနိုင်အောင် တင်ပေးတာပါ။ ဗွီဒီယိုချက်လေးတွေတောင် ချက်လို့ရတယ်နဲ့တူ
ပါတယ်။ ကိုယ်တိုင်တော့ မသုံးစမ်းရသေးဘူး ။ အင်တာနက်ဖိုးကလည်း သိပ်မတတ်နိုင်ဘူးလေ။ သူများ 120
ကို ကိုယ်က240 ဆိုတော့ သိပ်မလွယ်လှဘူးဗျာ။ အဲဒါကြောင့် ချွေတာရေးတွေလုပ်နေရတယ်။ ဒီလောက်ချွေ
တာရေးလုပ်တာတောင် အင်တာနက်ဖိုး တစ်လနှစ်သောင်းလောက်ကုန်သေးတာဘဲဗျာ။ ကဲဗျာ ဒါတွေထား
ကွန်ပျူတာနဲ့ ချက်တာကတော့ gtalk လည်း ဟိုတုန်းကတည်းက ရတာပါ။ ခုဟာက မိုဘိုင်းဖုန်းတွေနဲ့ ဖုန်း
ပြောချင်ကြတာလေ အဲဒီတော့ ဆော့ဝဲထုတ်လုပ်သူတွေကလည်း အလိုက်သိတယ်။ ဖုန်းပြောလို့လည်းရ
Video Call ပါ ပြောလို့ရအောင် ဆွဲဆောင်လာကြတယ်။ သူဟာကကောင်းတယ် ကိုယ့်ဟာကကောင်းတယ်
နဲ့ အပြိုင်အဆိုင်ပေါ့ဗျာ။ ကျုပ်တို့တော့ ဆော့ဝဲမရေးတတ်တော့ ကောင်းတယ်ဆိုတာ လိုက်ဆွဲတော့တာဘဲ။
အဆင်ပြေပါတယ် သူများက အသစ်ထုတ်လိုက် ကိုယ်ကလိုက်ဆွဲသုံးစမ်းလိုက်နဲ့ ဒါမှလည်း သူတို့က အားရှိ
မှာပါ။ ငါ့ပစ္စည်းကို လူသန်းဘယ်လောက်သုံးတယ်ဆိုတာ ကြွားလို့ကောင်းတာပေါ့။ နည်းပညာတွေနော် လိုက်ရင်းသာသေရမယ် ကုန်တယ်လို့ မရှိပါဘူးဗျာ။ ဒီနေ့ထုတ်တာအသစ် နောက်နေ့ဆို အဟောင်းဖြစ်နေ
ပြီ။ အဲဒီတော့ အသစ်နောက်ကို လိုက်ကြရတော့တာပေါ့ဗျာ။ အသစ်အသစ်တွေကို သုံးရင်း ပျော်မြူးနိုင်ကြ
ပါစေ။ အဟောင်းအဟောင်းလေးတွေကလည်း အကောင်းအကောင်းလေးတွေဆိုတာလည်း မမေ့နဲ့ဦး တော်
ကြာအိမ်က ဇနီးက အိမ်ပေါ်က နင်ချခံနေရဦးမယ်နော်။ အသစ်နောက်ကြီး သိပ်မလိုက်နဲ့။ ဟာဟား..။
အသိပေး သတိပေးတာပါဗျာ။ အသစ်ရောဂါတွေ ကူးသွားမှာစိုးလို့ပါ။

အင်တာနက် Speed ကို 300% လောက်မြန်စေတဲ့ Net Speeder v45 Build 850 + Serial

အင်တာနက် Speed ကို 300% လောက်မြန်စေတဲ့ Net Speeder v45 Build 850 + Serial


                 အင်တာနက် Speed ကို 300% လောက်မြန်စေတဲ့ Net Speeder v45 Build 850 ကိုမြန်မာ
နိုင်ငံအတွင်းမှာ ရှိကြသော ကွန်မကောင်းတဲ့ သူငယ်ချင်းများအတွက် အဓိက မျှဝေပေးလိုက်ပါတယ်ဗျာ။
အရင်တုန်းက အင်တာနက် Speed ကို 200% လောက်မြန်စေတဲ့ Software တင်ပေးတုန်းကလည်း လူ
ကြိုက်တော်တော်များပါတယ်။ မြန်မာနိုင်ငံမှာက ကွန်နရှင်းမကောင်းတော့ ဒါလေးကိုစမ်းသုံးကြည့်လည်း
မမှားပါဘူးဗျာ။ တကယ်လည်းကွန်နရှင် Speed မြန်လာပါတယ်။ ကျွန်တော်စမ်းသုံးကြည့်ပြီးမှပြန်ပြီး မျှ
ဝေပေးလိုက်တာဖြစ်ပါတယ်။




Download Password -
http://www.pcfreetime.com/images/download.gif

Monday, December 3, 2012

System Explorer v3.9.9.5004 Portable

 

                   ကွန်ပြူတာမှာ Task Manager ပျောက်သွားရင်ဘဲဖြစ်ဖြစ် ဖျောက်ထားတဲ့ ကွန်ပြူတာတွေ
မှာဘဲဖြစ်ဖြစ် Task Manager လိုမျိုး သုံးနိုင်မယ့် System Explorer v3.9.9.5004 ကို သူငယ်ချင်းများအ
တွက်မျှဝေပေးလိုက်ပါတယ်ဗျာ။ Portable Version လေးတင်ပေးထားတဲ့အတွက် Memory Stick ထဲ
ထည့်ပြီး သွားလေရာမှာ အသုံးပြုနိုင်ပါတယ်။ လွယ်ကူစွာဘဲ Double Click နှိပ်ပြီး သုံးနိုင်ပါတယ်။




Download Password - pyaephyo.com


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUUGWTfcaVd8G3v5TbJrt4fbsqLfmc-Z8EnwQ5naLqARzbhEkSysjg3oRKmX3tvazhaazzFKbadhDV9L5lSubHj5lbNxZRxPjm57AwNywRPI-MEj0bvMD2bltUa-7Bp4AQoMARfVxrYUU/s1600/Download+icon.gif