Thursday, November 22, 2012

Youtube တွင် အလွယ်တကူ Download ယူရန်

 အဆင့်(၁)
IDM ကဲ့သို့ Download ယူရာတွင် ကောင်းမွန်သော DownloadThemAll ကို Firefox တွင် addons အဖြစ် သွင်းရပါမည်။
(dawnload themall ဆိုတာလေးကို ကလစ်ပါက အဆိုပါ စာမျက်နှာသို့ေ၇ာက်ပါမည်)



add to firefox ကို နှိပ်ပါ။ အပေါ်တွင် Allow ဆိုတာလေးကို နှိပ်ပါ။ ခဏစောင့်ပါ။
Install လုပ်ရန်အတွက် Box တစ်ခု ကျလာလိမ့်မည်။ Install Now ကို နှိပ်ပါ။
Firefox ကို restart ချခိုင်းလိမ့်မည်။ restart ကိုနှိပ်လိုက်ပါ။ 
အဆင့်(၂) ပြီးပါက Firefox ရှိ Tools menu တွင် Add-ons ကိုနှိပ်လိုက်ပါ။
Add-ons Manager tab ပေါ်လာပါလိမ့်မည်။
ညာဘက်ဒေါင့်အပေါ်ရှိ search all add-ons နေရာတွင် youtube video download ဆိုတာကို ရိုက်ထည့်လိုက်ပါ။
ပေါ်လာသည့်အထဲမှ Download Youtube Videos as Mp4 and FLV ကို Install လုပ်ပါ။
ပြီးပါက Firefox ကို restart ချခိုင်းလိမ့်မည်။ ချလိုက်ပါ။

www.youtube.com တွင် နှစ်သက်ရာ ဗီဒီယို ရှာဖွေပါ။ အဆိုပါ ဗီဒီယိုအောက်တွင် Download ဆိုတာ ပေါ်နေပါလိမ့်မည်။ Download လုပ်ပါက Downthemall ဖြင့် Download ယူပါက မြန်ဆန်စွာ ရရှိပါမည်။

Friday, November 9, 2012

CyberCafe Management Software နှစ်ခုတင်ပေးလိုက်ပါတယ်။


CyberCafe Management Software လိုချင်တယ်ဆိုတဲ့ သူများအတွက် အများစုသုံးတဲ့ အလွယ်ကူးဆုံး Software နှစ်ခုတင်ပေးလိုက်ပါတယ်။ တစ်ခုကတော့ Cafe Suite ပါ။ Hacker တွေသုံးတဲ့ Shell ပုံနဲ့ဆင်တူပါတယ်.ကျနော် ပုဂံရောက်တုန်းမှာ အင်တာနက်ဆိုင်တစ်ဆိုင်မှာ တင်ထားတာတွေ့တာပါ..တော်တော်လေး လန်းပါတယ်။
Download Here ===> Mediafire ၊ Mirror

နောက်တစ်ခုက Handy Cafe ပါ.ရိုးရှင်းလွယ်ကူတဲ့အသွင်အပြင်ရှိပါတယ်.အင်တာနက်ဆိုင်တော်တော်

များများအသုံးပြုကြပါတယ်။ အရင်သုံးနေကျ Version အဟောင်းကိုဘဲပြန်တင်ပေးလိုက်ပါတယ်။
Server နဲ့ Client ဆိုပြီး တစ်ခါတည်းတွဲပါပါတယ်။

Download Here ===>
Mediafire ၊ Mirror

Who's On My WiFi v2.0.7

မိမိရဲ့ Wifi ကိုဘယ်သူက ကိုယ်မသိအောင် ယူသုံးနေသလဲဆိုတာကြည့်ပေးနိုင်တဲ့ Software လေးပါ။ ဘယ်လိုအသုံးဝင်လဲသိချင်ရင် အောက်မှာဆက်ဖတ်ကြည့်ပေးပါ။ 

Monday, November 5, 2012

WPA သို့မဟုတ် WPA2/PSK WiFi ဟက်နည်း



တောင်းဆိုနေကြလို့ တဆင့်ပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ် ... ကိုယ်တိုင် စမ်းသပ်မကြည့်ရသေးပါဘူး ခင်မျာ....

WPA  သို့မဟုတ် WPA2/PSK ဟက်နည်း


ဒီနည်းကတော့ ၉၀% ရပါတယ်။
၁။ BackTrack 5 r3 ကိုလိုပါတယ်  ။  ဒေါင်းချင်ရင်  ဖိုင်ခွဲပြီးတင်ပေးထားပါတယ်။   

Download  မှာ ဒေါင်းနိုင်ပါတယ်။  ISO ကို ဒါတိုက်ဒေါင်းချင်ရင် 

Download  မှာဒေါင်းနိုင်ပါတယ်။ 

၂။  WiFi adapter  ၁ ခုလိုပါတယ်။ မြန်မာပြည်မှာဆိုရင် ၁၅၀၀၀ လောက်ရှိပါတယ်။  

ပုံစံအမျိုးမျိုးရှိပါတယ်။  

Sunday, November 4, 2012

ဗွီဒီယိုမှာ အင်္ဂလိပ်စာနဲ့ တခြား ဘာသာစကားတွေစာတန်းထိုးစေချင်ရင်

အင်္ဂလိပ်စာလေ့လာချင်တဲ့သူတွေအတွက် ဗွီဒီယိုကြည့်ရင်း အင်္ဂလိပ်စာတန်းထိုးတွေနဲ့ ကြည့်ချင်ပေမဲ့ ဒေါင်းလုဒ်လုပ်ပြီးကြည့်တဲ့ ဗွီဒီယိုတွေမှာ စာတန်းထိုး ပါမလာခဲ့ရင် ကိုယ့်ဘာသာကိုယ် စာတန်းထိုးပြီး ကြည့်လို့ရပါတယ်။ ကိုယ်ကြည်မဲ့ဗီဒီယိုဇာတ်ကားရဲ့နာမည် ဥပမာ Swordfish ဆိုတဲ့ ဇာတ်ကားကို စာတန်း ထိုးချင်တယ်ဆိုရင် အခု အောက်မှာ ပေးထားတဲ့ လင့်ခ်ထဲက ဆိုက် တစ်ခုခုမှာ အဲ့ဒီဇာတ်ကားနာမည်ကို ရိုက်ထည့်၊ ကိုယ်စာတန်းထိုးစေချင်တဲ့ ဘာသာစကားကို ရွေးပေးရပါမယ်၊ အင်္ဂလိပ်စာ ကိုပဲ ရွေးမယ်ထင်ပါတယ်။ အဲ့ဒီနာမည်နဲ့တွေ့တဲ့ ဖိုင်ကို ဒေါင်းပြီး အထဲက srt ဖိုင်လေးကို ယူလိုက်ပါ။ ပြီးရင် အခုနက ကိုယ် စာတန်းထိုးစေချင်တဲ့ ဇာတ်ကားနဲ့ ဖိုလ်ဒါ တစ်ခုထဲမှာ ထည့်လိုက်ပါ။ ဖိုင်အမျိုးအစားကွဲသွားတာက လွဲရင် ဖိုင်နာမည်ပေးပုံချင်း တူနေရပါမယ်။ ဥပမာ Swordfish.avi ဆိုတဲ့ ဗွီဒီယိုဖိုင်ဆိုရင် Swordfish.srt ဆိုပြီး တူအောင်ပေးပြီးရင် ဖွင့်ကြည့်လိုက်ပါ။ ကိုယ်ထည့်ထားတဲ့ ဘာသာစကားနဲ့ စာတန်းထိုးနေတာကို တွေ့ပါလိမ့်မယ်။ အင်္ဂလိပ်စကားကို လေ့လာချင်တဲ့သူတွေ ကိုယ် စိတ်ဝင်စားတဲ့ နည်းလမ်းနဲ့ လေ့လာတာမျိုးဖြစ်တော့ ပိုထိရောက်မယ်လည်း ထင်ပါတယ်။
အဲ့ဒီ srt ဖိုင်တွေကို အောက်က ဆိုက်တွေမှာ ရှာပြီး ဒေါင်းလုဒ် ရယူနိုင်ပါတယ်။

All Subtitle Website Links

မကြည့်စေချင်တဲ့ဆိုက်တွေ ပိတ်ဖို့ Anti-Porn 17.6.3.6



နတ်ဆိုး . မိမိ မကြည့်စေချင်တဲ့ ဆိုက်တွေကို ဘယ်လို ပိတ်ထားရမလဲ ကိုညီ ကူညီပါဦးဗျာ. ကျွန်တော့်မှာ အမတွေရှိတော့ အဆင်မပြေလို့ပါ.

တင်ပေးလိုက်ပါပြီ ညီလေး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. Minus ကနေဆိုရင်တော့ နှိပ်လိုက်တာနဲ့ တန်းပြီး Download link ကျလာမှာ ဖြစ်ပါတယ်. ifile ကနေ ဆိုရင်တော့ စောင့်ရမှာဖြစ်ပါတယ်. ကြိုက်ရာကို ရွေးပြီး Download လုပ်ထားသင့်ပါတယ်. ကျွန်တော် ဖိုင်တွေကို ယခုထက်ပိုပြီးတော့ သိမ်းဆည်းထားစေချင်လျှင်၊ ဒါမှမဟုတ် ကျွန်တော် ဖိုင်တွေ သိမ်းဆည်းဖို့ အခု 1GB ပဲ ရသေးပါတယ်. ကျွန်တော် invite လုပ်ထားတဲ့သူ ဒါမှမဟုတ် ကျွန်တော့်ရဲ့ invite link ကို နှိပ်ပြီး account လုပ်တဲ့သူ များလာမှသာလျှင် ကျွန်တော် သိမ်းဆည်းနိုင်မည့် space များပြားလာမှာ ဖြစ်ပါတယ်. အဲ့အတွက်ကြောင့်မို့ အားလုံးပဲ ဖိုင်တွေကို Download link တွေ ကြာရှည်ခံနိုင်အောင် http://min.us/rhFSgdv ကို နှိပ်ပြီး account လုပ်ထားပေးပါ. ဒါမှမဟုတ်ရင် ဆိုက်ရဲ့ညာဖက်ခြမ်းက minus ပုံကို နှိပ်ပြီးတော့ account တစ်ယောက်ကို တစ်ခုစီပဲ လုပ်ထားရင်တောင် ကျွန်တော် ဖိုင်တွေ သိမ်းဆည်းနိုင်ဖို့ space တွေ များလာမှာပါ. ဒီဆိုက်ဟာ Direct download link ကို ပါ ရတဲ့အတွက်ကြောင့်မို့ အားလုံးအတွက် အဆင်ပြေအောင် account လုပ်ခိုင်းတာပါ. ကျွန်တော့် အတွက်တင်လည်း မဟုတ်ပါဘူး. အကောင့်လုပ်ထားတဲ့ သူတွေ မည်သူမဆို အခုလိုမျိုး invite လုပ်လိုက်တာနဲ့ တဖြည်းဖြည်းချင်း သိမ်းဆည်းနိုင်တဲ့ space တွေ များလာမှာပါ. ပြီးတော့ ကျွန်တော် ပြောသလိုပါပဲ. ဖိုင်တွေတင် သိမ်းဆည်းနိုင်တာမဟုတ်ပါဘူး. format တော်တော်များများကို သိမ်းဆည်းနိုင်ပါတယ်. format ဆိုတာကတော့ .mp4, .rar, .001, .exe အစရှိသည်ဖြင့် "." ရဲ့ နောက်မှာ ဆုံးတဲ့ အမည်တွေကို format လို့ ခေါ်ဆိုတာပါ. format တွေဟာ တစ်ခုနဲ့တစ်ခု မတူကြပါဘူး. ဘယ် program တွေကိုပဲ သုံးသုံး သူ့ရဲ့ ကိုယ်ပိုင် format နဲ့ ဖိုင်တစ်ခုတော့ ရလာမှာပါ. ဥပမာ adobe pagemaker နဲ့သိမ်းရင် .pmd format နဲ့ ရလာသလိုမျိုးပေါ့. အားလုံးပဲ အဆင်ပြေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် . ifile နှင့် mediafire ကတော့ ဒီပုံစံအတိုင်းဆို ကြာရှည်ခံဖို့ သိပ်မလွယ်တော့လို့ အခုလို စီစဉ်လိုက်တာပါ. တောင်းဆိုထားတာ အရမ်းများပါတယ်. တစ်ချို့ program တွေဆိုရင် 2GB လောက်တောင် ရှိပါတယ်. guitar pro ကို program နဲ့ keygen သာ တင်ပေးလိုက်တာ. သူနဲ့ တွဲသုံးရမယ့် ဖိုင် မတင်ပေးနိုင်ပါဘူး. ဘာလို့လဲဆိုတော့ 1GB ကျော်နေလို့ပါ. အခု ဒီ minus ဆိုက်မှာလဲ 1GB ပဲ ရတဲ့အတွက် တင်ပေးတဲ့ဖိုင် 1GB ပြည့်တာနဲ့ အကောင့်အသစ်လုပ်ရင် လုပ်မလုပ်ရင် ထပ်တင်ဖို့ မလွယ်တော့ပါဘူး. .

You might also like: