Wednesday, December 26, 2012

PC for Aire Talk and Mobile for Aire Talk တဲ့ဗျာ

ကွန်ပျူတာအတွက် Aire Talk နှင့် ဖုန်းအတွက် Aire Talk နှစ်မျိုးရလာလို့ တင်ပေးလိုက်ပါတယ်။ Viber ထက်
ကောင်းတယ်ဆိုဘဲကွာ စမ်းသုံးနိုင်အောင် တင်ပေးတာပါ။ ဗွီဒီယိုချက်လေးတွေတောင် ချက်လို့ရတယ်နဲ့တူ
ပါတယ်။ ကိုယ်တိုင်တော့ မသုံးစမ်းရသေးဘူး ။ အင်တာနက်ဖိုးကလည်း သိပ်မတတ်နိုင်ဘူးလေ။ သူများ 120
ကို ကိုယ်က240 ဆိုတော့ သိပ်မလွယ်လှဘူးဗျာ။ အဲဒါကြောင့် ချွေတာရေးတွေလုပ်နေရတယ်။ ဒီလောက်ချွေ
တာရေးလုပ်တာတောင် အင်တာနက်ဖိုး တစ်လနှစ်သောင်းလောက်ကုန်သေးတာဘဲဗျာ။ ကဲဗျာ ဒါတွေထား
ကွန်ပျူတာနဲ့ ချက်တာကတော့ gtalk လည်း ဟိုတုန်းကတည်းက ရတာပါ။ ခုဟာက မိုဘိုင်းဖုန်းတွေနဲ့ ဖုန်း
ပြောချင်ကြတာလေ အဲဒီတော့ ဆော့ဝဲထုတ်လုပ်သူတွေကလည်း အလိုက်သိတယ်။ ဖုန်းပြောလို့လည်းရ
Video Call ပါ ပြောလို့ရအောင် ဆွဲဆောင်လာကြတယ်။ သူဟာကကောင်းတယ် ကိုယ့်ဟာကကောင်းတယ်
နဲ့ အပြိုင်အဆိုင်ပေါ့ဗျာ။ ကျုပ်တို့တော့ ဆော့ဝဲမရေးတတ်တော့ ကောင်းတယ်ဆိုတာ လိုက်ဆွဲတော့တာဘဲ။
အဆင်ပြေပါတယ် သူများက အသစ်ထုတ်လိုက် ကိုယ်ကလိုက်ဆွဲသုံးစမ်းလိုက်နဲ့ ဒါမှလည်း သူတို့က အားရှိ
မှာပါ။ ငါ့ပစ္စည်းကို လူသန်းဘယ်လောက်သုံးတယ်ဆိုတာ ကြွားလို့ကောင်းတာပေါ့။ နည်းပညာတွေနော် လိုက်ရင်းသာသေရမယ် ကုန်တယ်လို့ မရှိပါဘူးဗျာ။ ဒီနေ့ထုတ်တာအသစ် နောက်နေ့ဆို အဟောင်းဖြစ်နေ
ပြီ။ အဲဒီတော့ အသစ်နောက်ကို လိုက်ကြရတော့တာပေါ့ဗျာ။ အသစ်အသစ်တွေကို သုံးရင်း ပျော်မြူးနိုင်ကြ
ပါစေ။ အဟောင်းအဟောင်းလေးတွေကလည်း အကောင်းအကောင်းလေးတွေဆိုတာလည်း မမေ့နဲ့ဦး တော်
ကြာအိမ်က ဇနီးက အိမ်ပေါ်က နင်ချခံနေရဦးမယ်နော်။ အသစ်နောက်ကြီး သိပ်မလိုက်နဲ့။ ဟာဟား..။
အသိပေး သတိပေးတာပါဗျာ။ အသစ်ရောဂါတွေ ကူးသွားမှာစိုးလို့ပါ။

အင်တာနက် Speed ကို 300% လောက်မြန်စေတဲ့ Net Speeder v45 Build 850 + Serial

အင်တာနက် Speed ကို 300% လောက်မြန်စေတဲ့ Net Speeder v45 Build 850 + Serial


                 အင်တာနက် Speed ကို 300% လောက်မြန်စေတဲ့ Net Speeder v45 Build 850 ကိုမြန်မာ
နိုင်ငံအတွင်းမှာ ရှိကြသော ကွန်မကောင်းတဲ့ သူငယ်ချင်းများအတွက် အဓိက မျှဝေပေးလိုက်ပါတယ်ဗျာ။
အရင်တုန်းက အင်တာနက် Speed ကို 200% လောက်မြန်စေတဲ့ Software တင်ပေးတုန်းကလည်း လူ
ကြိုက်တော်တော်များပါတယ်။ မြန်မာနိုင်ငံမှာက ကွန်နရှင်းမကောင်းတော့ ဒါလေးကိုစမ်းသုံးကြည့်လည်း
မမှားပါဘူးဗျာ။ တကယ်လည်းကွန်နရှင် Speed မြန်လာပါတယ်။ ကျွန်တော်စမ်းသုံးကြည့်ပြီးမှပြန်ပြီး မျှ
ဝေပေးလိုက်တာဖြစ်ပါတယ်။




Download Password -
http://www.pcfreetime.com/images/download.gif

Monday, December 3, 2012

System Explorer v3.9.9.5004 Portable

 

                   ကွန်ပြူတာမှာ Task Manager ပျောက်သွားရင်ဘဲဖြစ်ဖြစ် ဖျောက်ထားတဲ့ ကွန်ပြူတာတွေ
မှာဘဲဖြစ်ဖြစ် Task Manager လိုမျိုး သုံးနိုင်မယ့် System Explorer v3.9.9.5004 ကို သူငယ်ချင်းများအ
တွက်မျှဝေပေးလိုက်ပါတယ်ဗျာ။ Portable Version လေးတင်ပေးထားတဲ့အတွက် Memory Stick ထဲ
ထည့်ပြီး သွားလေရာမှာ အသုံးပြုနိုင်ပါတယ်။ လွယ်ကူစွာဘဲ Double Click နှိပ်ပြီး သုံးနိုင်ပါတယ်။




Download Password - pyaephyo.com


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUUGWTfcaVd8G3v5TbJrt4fbsqLfmc-Z8EnwQ5naLqARzbhEkSysjg3oRKmX3tvazhaazzFKbadhDV9L5lSubHj5lbNxZRxPjm57AwNywRPI-MEj0bvMD2bltUa-7Bp4AQoMARfVxrYUU/s1600/Download+icon.gif

Thursday, November 22, 2012

Youtube တွင် အလွယ်တကူ Download ယူရန်

 အဆင့်(၁)
IDM ကဲ့သို့ Download ယူရာတွင် ကောင်းမွန်သော DownloadThemAll ကို Firefox တွင် addons အဖြစ် သွင်းရပါမည်။
(dawnload themall ဆိုတာလေးကို ကလစ်ပါက အဆိုပါ စာမျက်နှာသို့ေ၇ာက်ပါမည်)



add to firefox ကို နှိပ်ပါ။ အပေါ်တွင် Allow ဆိုတာလေးကို နှိပ်ပါ။ ခဏစောင့်ပါ။
Install လုပ်ရန်အတွက် Box တစ်ခု ကျလာလိမ့်မည်။ Install Now ကို နှိပ်ပါ။
Firefox ကို restart ချခိုင်းလိမ့်မည်။ restart ကိုနှိပ်လိုက်ပါ။ 
အဆင့်(၂) ပြီးပါက Firefox ရှိ Tools menu တွင် Add-ons ကိုနှိပ်လိုက်ပါ။
Add-ons Manager tab ပေါ်လာပါလိမ့်မည်။
ညာဘက်ဒေါင့်အပေါ်ရှိ search all add-ons နေရာတွင် youtube video download ဆိုတာကို ရိုက်ထည့်လိုက်ပါ။
ပေါ်လာသည့်အထဲမှ Download Youtube Videos as Mp4 and FLV ကို Install လုပ်ပါ။
ပြီးပါက Firefox ကို restart ချခိုင်းလိမ့်မည်။ ချလိုက်ပါ။

www.youtube.com တွင် နှစ်သက်ရာ ဗီဒီယို ရှာဖွေပါ။ အဆိုပါ ဗီဒီယိုအောက်တွင် Download ဆိုတာ ပေါ်နေပါလိမ့်မည်။ Download လုပ်ပါက Downthemall ဖြင့် Download ယူပါက မြန်ဆန်စွာ ရရှိပါမည်။

Friday, November 9, 2012

CyberCafe Management Software နှစ်ခုတင်ပေးလိုက်ပါတယ်။


CyberCafe Management Software လိုချင်တယ်ဆိုတဲ့ သူများအတွက် အများစုသုံးတဲ့ အလွယ်ကူးဆုံး Software နှစ်ခုတင်ပေးလိုက်ပါတယ်။ တစ်ခုကတော့ Cafe Suite ပါ။ Hacker တွေသုံးတဲ့ Shell ပုံနဲ့ဆင်တူပါတယ်.ကျနော် ပုဂံရောက်တုန်းမှာ အင်တာနက်ဆိုင်တစ်ဆိုင်မှာ တင်ထားတာတွေ့တာပါ..တော်တော်လေး လန်းပါတယ်။
Download Here ===> Mediafire ၊ Mirror

နောက်တစ်ခုက Handy Cafe ပါ.ရိုးရှင်းလွယ်ကူတဲ့အသွင်အပြင်ရှိပါတယ်.အင်တာနက်ဆိုင်တော်တော်

များများအသုံးပြုကြပါတယ်။ အရင်သုံးနေကျ Version အဟောင်းကိုဘဲပြန်တင်ပေးလိုက်ပါတယ်။
Server နဲ့ Client ဆိုပြီး တစ်ခါတည်းတွဲပါပါတယ်။

Download Here ===>
Mediafire ၊ Mirror

Who's On My WiFi v2.0.7

မိမိရဲ့ Wifi ကိုဘယ်သူက ကိုယ်မသိအောင် ယူသုံးနေသလဲဆိုတာကြည့်ပေးနိုင်တဲ့ Software လေးပါ။ ဘယ်လိုအသုံးဝင်လဲသိချင်ရင် အောက်မှာဆက်ဖတ်ကြည့်ပေးပါ။ 

Monday, November 5, 2012

WPA သို့မဟုတ် WPA2/PSK WiFi ဟက်နည်း



တောင်းဆိုနေကြလို့ တဆင့်ပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ် ... ကိုယ်တိုင် စမ်းသပ်မကြည့်ရသေးပါဘူး ခင်မျာ....

WPA  သို့မဟုတ် WPA2/PSK ဟက်နည်း


ဒီနည်းကတော့ ၉၀% ရပါတယ်။
၁။ BackTrack 5 r3 ကိုလိုပါတယ်  ။  ဒေါင်းချင်ရင်  ဖိုင်ခွဲပြီးတင်ပေးထားပါတယ်။   

Download  မှာ ဒေါင်းနိုင်ပါတယ်။  ISO ကို ဒါတိုက်ဒေါင်းချင်ရင် 

Download  မှာဒေါင်းနိုင်ပါတယ်။ 

၂။  WiFi adapter  ၁ ခုလိုပါတယ်။ မြန်မာပြည်မှာဆိုရင် ၁၅၀၀၀ လောက်ရှိပါတယ်။  

ပုံစံအမျိုးမျိုးရှိပါတယ်။  

Sunday, November 4, 2012

ဗွီဒီယိုမှာ အင်္ဂလိပ်စာနဲ့ တခြား ဘာသာစကားတွေစာတန်းထိုးစေချင်ရင်

အင်္ဂလိပ်စာလေ့လာချင်တဲ့သူတွေအတွက် ဗွီဒီယိုကြည့်ရင်း အင်္ဂလိပ်စာတန်းထိုးတွေနဲ့ ကြည့်ချင်ပေမဲ့ ဒေါင်းလုဒ်လုပ်ပြီးကြည့်တဲ့ ဗွီဒီယိုတွေမှာ စာတန်းထိုး ပါမလာခဲ့ရင် ကိုယ့်ဘာသာကိုယ် စာတန်းထိုးပြီး ကြည့်လို့ရပါတယ်။ ကိုယ်ကြည်မဲ့ဗီဒီယိုဇာတ်ကားရဲ့နာမည် ဥပမာ Swordfish ဆိုတဲ့ ဇာတ်ကားကို စာတန်း ထိုးချင်တယ်ဆိုရင် အခု အောက်မှာ ပေးထားတဲ့ လင့်ခ်ထဲက ဆိုက် တစ်ခုခုမှာ အဲ့ဒီဇာတ်ကားနာမည်ကို ရိုက်ထည့်၊ ကိုယ်စာတန်းထိုးစေချင်တဲ့ ဘာသာစကားကို ရွေးပေးရပါမယ်၊ အင်္ဂလိပ်စာ ကိုပဲ ရွေးမယ်ထင်ပါတယ်။ အဲ့ဒီနာမည်နဲ့တွေ့တဲ့ ဖိုင်ကို ဒေါင်းပြီး အထဲက srt ဖိုင်လေးကို ယူလိုက်ပါ။ ပြီးရင် အခုနက ကိုယ် စာတန်းထိုးစေချင်တဲ့ ဇာတ်ကားနဲ့ ဖိုလ်ဒါ တစ်ခုထဲမှာ ထည့်လိုက်ပါ။ ဖိုင်အမျိုးအစားကွဲသွားတာက လွဲရင် ဖိုင်နာမည်ပေးပုံချင်း တူနေရပါမယ်။ ဥပမာ Swordfish.avi ဆိုတဲ့ ဗွီဒီယိုဖိုင်ဆိုရင် Swordfish.srt ဆိုပြီး တူအောင်ပေးပြီးရင် ဖွင့်ကြည့်လိုက်ပါ။ ကိုယ်ထည့်ထားတဲ့ ဘာသာစကားနဲ့ စာတန်းထိုးနေတာကို တွေ့ပါလိမ့်မယ်။ အင်္ဂလိပ်စကားကို လေ့လာချင်တဲ့သူတွေ ကိုယ် စိတ်ဝင်စားတဲ့ နည်းလမ်းနဲ့ လေ့လာတာမျိုးဖြစ်တော့ ပိုထိရောက်မယ်လည်း ထင်ပါတယ်။
အဲ့ဒီ srt ဖိုင်တွေကို အောက်က ဆိုက်တွေမှာ ရှာပြီး ဒေါင်းလုဒ် ရယူနိုင်ပါတယ်။

All Subtitle Website Links

မကြည့်စေချင်တဲ့ဆိုက်တွေ ပိတ်ဖို့ Anti-Porn 17.6.3.6



နတ်ဆိုး . မိမိ မကြည့်စေချင်တဲ့ ဆိုက်တွေကို ဘယ်လို ပိတ်ထားရမလဲ ကိုညီ ကူညီပါဦးဗျာ. ကျွန်တော့်မှာ အမတွေရှိတော့ အဆင်မပြေလို့ပါ.

တင်ပေးလိုက်ပါပြီ ညီလေး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. Minus ကနေဆိုရင်တော့ နှိပ်လိုက်တာနဲ့ တန်းပြီး Download link ကျလာမှာ ဖြစ်ပါတယ်. ifile ကနေ ဆိုရင်တော့ စောင့်ရမှာဖြစ်ပါတယ်. ကြိုက်ရာကို ရွေးပြီး Download လုပ်ထားသင့်ပါတယ်. ကျွန်တော် ဖိုင်တွေကို ယခုထက်ပိုပြီးတော့ သိမ်းဆည်းထားစေချင်လျှင်၊ ဒါမှမဟုတ် ကျွန်တော် ဖိုင်တွေ သိမ်းဆည်းဖို့ အခု 1GB ပဲ ရသေးပါတယ်. ကျွန်တော် invite လုပ်ထားတဲ့သူ ဒါမှမဟုတ် ကျွန်တော့်ရဲ့ invite link ကို နှိပ်ပြီး account လုပ်တဲ့သူ များလာမှသာလျှင် ကျွန်တော် သိမ်းဆည်းနိုင်မည့် space များပြားလာမှာ ဖြစ်ပါတယ်. အဲ့အတွက်ကြောင့်မို့ အားလုံးပဲ ဖိုင်တွေကို Download link တွေ ကြာရှည်ခံနိုင်အောင် http://min.us/rhFSgdv ကို နှိပ်ပြီး account လုပ်ထားပေးပါ. ဒါမှမဟုတ်ရင် ဆိုက်ရဲ့ညာဖက်ခြမ်းက minus ပုံကို နှိပ်ပြီးတော့ account တစ်ယောက်ကို တစ်ခုစီပဲ လုပ်ထားရင်တောင် ကျွန်တော် ဖိုင်တွေ သိမ်းဆည်းနိုင်ဖို့ space တွေ များလာမှာပါ. ဒီဆိုက်ဟာ Direct download link ကို ပါ ရတဲ့အတွက်ကြောင့်မို့ အားလုံးအတွက် အဆင်ပြေအောင် account လုပ်ခိုင်းတာပါ. ကျွန်တော့် အတွက်တင်လည်း မဟုတ်ပါဘူး. အကောင့်လုပ်ထားတဲ့ သူတွေ မည်သူမဆို အခုလိုမျိုး invite လုပ်လိုက်တာနဲ့ တဖြည်းဖြည်းချင်း သိမ်းဆည်းနိုင်တဲ့ space တွေ များလာမှာပါ. ပြီးတော့ ကျွန်တော် ပြောသလိုပါပဲ. ဖိုင်တွေတင် သိမ်းဆည်းနိုင်တာမဟုတ်ပါဘူး. format တော်တော်များများကို သိမ်းဆည်းနိုင်ပါတယ်. format ဆိုတာကတော့ .mp4, .rar, .001, .exe အစရှိသည်ဖြင့် "." ရဲ့ နောက်မှာ ဆုံးတဲ့ အမည်တွေကို format လို့ ခေါ်ဆိုတာပါ. format တွေဟာ တစ်ခုနဲ့တစ်ခု မတူကြပါဘူး. ဘယ် program တွေကိုပဲ သုံးသုံး သူ့ရဲ့ ကိုယ်ပိုင် format နဲ့ ဖိုင်တစ်ခုတော့ ရလာမှာပါ. ဥပမာ adobe pagemaker နဲ့သိမ်းရင် .pmd format နဲ့ ရလာသလိုမျိုးပေါ့. အားလုံးပဲ အဆင်ပြေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် . ifile နှင့် mediafire ကတော့ ဒီပုံစံအတိုင်းဆို ကြာရှည်ခံဖို့ သိပ်မလွယ်တော့လို့ အခုလို စီစဉ်လိုက်တာပါ. တောင်းဆိုထားတာ အရမ်းများပါတယ်. တစ်ချို့ program တွေဆိုရင် 2GB လောက်တောင် ရှိပါတယ်. guitar pro ကို program နဲ့ keygen သာ တင်ပေးလိုက်တာ. သူနဲ့ တွဲသုံးရမယ့် ဖိုင် မတင်ပေးနိုင်ပါဘူး. ဘာလို့လဲဆိုတော့ 1GB ကျော်နေလို့ပါ. အခု ဒီ minus ဆိုက်မှာလဲ 1GB ပဲ ရတဲ့အတွက် တင်ပေးတဲ့ဖိုင် 1GB ပြည့်တာနဲ့ အကောင့်အသစ်လုပ်ရင် လုပ်မလုပ်ရင် ထပ်တင်ဖို့ မလွယ်တော့ပါဘူး. .

You might also like:

Wednesday, October 31, 2012

online burmese-english learning

http://www.searchmyanmar.com/link/frame/cid/14271/domain/dawnmanhon.com

   Foreign Students Series ( TOEFL and IELTS )

Picture
For the past two weeks, we have talked about the SAT and ACT college admissions tests and the GRE for graduate school. This week in our Foreign Students Series, we move on to English language tests.
Most American colleges and universities accept one or both of the two major tests. One is the Test of English as a Foreign Language, known as the TOEFL. The other is the International English Language Testing System, or IELTS. Read More
Picture

Sunday, October 28, 2012

အလုပ်မှာပြောဖို့ English စာအုပ် (ebook)


အလုပ်အကိုင်မှာ အသုံးပြုဖို့အတွက် English စာအုပ်လေးကိုတင်ပေးလိုက်ပါတယ်  ဒီထဲမှာ exercise တွေ
နဲ့ အဖြေတွေလဲပါဝင်ပါတယ်။

ခေါင်းစဉ်တွေကတော့


UNIT 1 : PASSAGES FOR COMPREHENSION

- 10 sections with questions and answer keys
UNIT II : GENERAL ENGLISH
- 7 sections with exercises and answer keys
UNIT III : LANGUAGE ACTIVITIES



DOWNLOAD


http://www.filesonic.com/file/4021826925/935024537X.rar

OR
http://ifile.it/9mawqj8/Language at work_www.sbsangpi.com.rar

Australia မှာ အလုပ်(Job) ရှာမယ်


Australia ကိုမလာခင် ကြိုတင်အလုပ်ရှာချင်တာတို့ လိုအပ်တဲ့ Qualification တွေသိချင်တာတို့
ဘာအလုပ်တွေ များလဲသိချင်တာတို့ရှိရင် ရှာဖို့ Website လိပ်စာလေးတွေ အောက်မှာဖော်ပြပေး လိုက်ပါတယ်။ အခု Melbourne က ကမ္ဘာပေါ်မှာ နေလို့အကောင်းဆုံးမြို့တော် ဖြစ်တဲ့အပြင် Australia
Dollar က US Dollar ထက်ပိုများနေတာကြောင့်ပြီးတော့ ကျွန်တော်လဲရှိနေတာမို့ လာချင်တဲ့သူများအတွက် အထောက်အကူဖြစ်အောင် ဖော်ပြပေးလိုက်ပါတယ်။


http://jobsearch.gov.au/
http://www.seek.com.au/
http://www.jobsearch.com.au/
http://mycareer.com.au/
http://www.indeed.com.au/
http://www.jobseeker.com.au/
http://www.careerone.com.au/

Saturday, October 27, 2012

အင်တာနက် Speed ကို 200% လောက်မြန်စေတဲ့ NetScream 1.1.31

 

                       ဒီ Software လေးကို တွေ့တွေ့ချင်းမယုံးဘူးဗျ မယုံးလို့စမ်းကြည့်လိုက်တော့ တကယ်
ဗျို့။ သူ့ရဲ့ မူရင်းမှာတော့ Internet Speed ကို 200% လောက်ပိုပြီး မြန်စေတယ်လို့ ဆိုထားတာဘဲဗျ။ တကယ်ကို မြန်လာပါတယ် ဒါပေမယ့် နေရာဒေသကိုလိုက်ပြီး Speed ကကွာမယ်နဲ့တူတယ်။ အနည်း
အများဘဲကွာမှာပါ ပုံမှန်သုံးနေတဲ့ Speed ထက်တော့ ပိုပြီး မြန်လာတာတော့အမှန်ဘဲဗျ။ ကျွန်တော်တို့
နိုင်ငံသားတွေအတွက် အထူးထုတ်ထားသလားလို့တောင်ထင်မိတယ်ဗျာ။ File Size ကလည်း 1.66MB ဘဲ
ရှိတာဆိုတော့ ဒေါင်းယူထားရင်လည်းမမှားနိုင်ပါဘူးဗျာ။
အမြဲတမ်းသုံးနိုင်အောင်လည်း Full Version လေး
ဘဲပေးထားပါတယ်။ Patch File ပါတစ်ခါတည်းထည့်ပေးထားပါတယ်ဗျာ။ အသုံးတည့်မယ်ဆိုရင်တော့
အောက်က Link ကနေဒေါင်းယူကြပါဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။

Android ပေါ်မှ လက်တွေ့အသုံးပြုခြင်းနည်းပညာ

 
                       Android ဖုန်းနဲ့ သက်ဆိုင်တဲ့စာအုပ်လေးတစ်အုပ်ရထားလို့ သူငယ်ချင်းများအားလုံးကို
မျှဝေပေးလိုက်ပါတယ်ဗျာ။ အခုခောတ်အခြေအနေအရနဲ့ ငွေကြေးတက်နိုင်မှုအနေအထားအရ ကျွန်တော်
တို့ နိုင်ငံက ဖုန်းကိုင်တဲ့ လူတော်တော်များများဟာ Android ဖုန်းလေးတွေကို ကိုင်ဆောင်နေတာကိုတွေ့
ရပါတယ်။ ဒါကြောင့်လည်း Android ပေါ်မှ လက်တွေ့အသုံးပြုခြင်းနည်းပညာ စာအုပ်လေးက ဖုန်းအသုံး
ပြုသူတော်တော်များများအတွက် အသုံးတည့်မယ်ထင်လို့ မျှဝေပေးခြင်းဖြစ်ပါတယ်ဗျာ။ ဆရာသိန်းထိုက်
ကရေးသားပြုစုထားတာဖြစ်ပါတယ်ဗျာ။



https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPaMPROeEHyF769apxn6e4nuLf1j3Xowik4PUrjLSZ609PAM7lpEMFWpwoJsidfkqg0tUIeoGCuZCLYGqCTV66MertX2j9TvrdMVMW69flZc_LAwwd_C2z86ojZwoUzhTPSaRhtubAHyo/s1600/1.Download+Here.gif 

Tuesday, October 9, 2012

viber ကို pc ပေါ်မှသုံးလို.ရတယ်


                     အခုကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖုန်းနဲ့ အင်တာနက် သုံးခွင့်ရပြီးနောက်ပိုင်းမှာ နာမည်
ကြီးလာတဲ့ Communication Software တစ်ခုကတော့ Viber ဖြစ်ပါတယ်။ အဲဒါကို ဖုန်းနဲ့ ခေါ်ဆိုအသုံး
ပြုနိုင်ပါတယ်။ ဖုန်းအချင်းချင်းကို အင်တာနက်ကွန်နရှင်ရှိယုံဖြင့် ဘယ်နိုင်ငံကိုမဆို အခမဲ့ ခေါ်ဆိုနိုင်ပါ
တယ်ဗျာ။ အခုဆိုရင် ဖုန်းအချင်းချင်းသာခေါ်ဆို အသုံးပြုနိုင်တဲ့ Viber ကို PC နဲ့ပါ အသုံးပြုလာနိုင်ပါပြီ။
Viber ကို PC to PC , PC to Phone , Phone to Phone , Phone to PC အမျိုးမျိုး အဆင်ပြေစွာနဲ့အ
သုံးပြုလို့ရပါပြီ။ အင်တာနက်ကွန်နရှင်ရှိဖို့နဲ့ Viber Account ရှိဖို့ဘဲလိုပါတယ်။ တစ်ခုတော့ ရှိတယ်ဗျ
PC အတွက်ဆိုရင်တော့ တင်ထားတဲ့ window က အနိမ့်ဆုံးတော့ Window XP SP3 လောက်တော့ရှိ
ထားသင့်ပါတယ်ဗျာ။ Window 7 , Vista အားလုံးရပါတယ်။ XP sp2 မရပါဘူး။  အသုံးပြုပုံကိုတော့
အောက်မှာ ပုံနဲ့တကွသေချာစွာရှင်ပြပေးထားပါတယ်ဗျာ။ 
။ PC အတွက် Software ကိုတော့ အောက်မှာဒေါင်း
ယူနိုင်ပါတယ်ဗျာ။



https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPaMPROeEHyF769apxn6e4nuLf1j3Xowik4PUrjLSZ609PAM7lpEMFWpwoJsidfkqg0tUIeoGCuZCLYGqCTV66MertX2j9TvrdMVMW69flZc_LAwwd_C2z86ojZwoUzhTPSaRhtubAHyo/s1600/1.Download+Here.gif 

Thursday, June 14, 2012

AutoScreenRecorder Pro 3.1.375




                    Screen Recorder လေးတစ်ခု ရထားလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။ Desktop
ပေါ်မှာ ပေါ်သမျှ လုပ်သမျှအားလုံးကို Video အဖြစ် သိမ်းဆည်းထားပေးမယ့် Software ပါ။ ကျွန်တော်
အရှေ့က Post တွေမှာလည်း 4ခု 5ခုလောက်တင်ပေးပြီးပါပြီ။ ဒါလေးကတော့အဲဒါတွေနဲ့မတူတဲ့ Version
တစ်မျိုးပါဗျာ။အားလုံးကတော့ ကောင်းကြတာချည်းပါဘဲ။ မရှိမဖြစ် ဆောင်ထားသင့်တဲ့ Software ထဲမှာ
တော့မပါဘူးပေါ့ဗျာ။ လိုအပ်သူများအတွက်သာရည်ရွယ်ပြီး တင်ပေးလိုက်တာပါနော်။
အောက်က Link မှာ
ဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။


Friday, May 25, 2012

Driver ရှာရန် အခက်ခဲ့ ဖြစ်နေသူများအားလုံးအတွက်




ပထမဆုံးကျေးဇူးတင်ပါတယ် လို့ပြောပါရစေပါ ... အစ်ကို အစ်ကို တို့ ဒီထက်မက အောင်မြင်ပါစေ လို့ ဆန္ဒ ပြုလိုက်ပါတယ် အစ်ကိုတို့  ညီမသိတာ လေး တစ်ခုကို ပြောကြားပေးပါ အစ်ကို ... ညီတို့ရဲ့ ကွန်ပျူတာ က Drivers အကြောင်းပါ ...  Version အလိုက်မဟုတ်ဘဲ ဘယ်ကွန်ပျူတာ ဘာအမျိုးအစား အတွက် မဆို  အသုံးတည့်ပီး သိမ်းဆည်းလို့ ရတာ မျိုး ရှိပါလား အစ်ကို ... ရှိရင် ပေးပါလို့ တောင်းဆို ပါရစေပါ အစ်ကို ....ဒီထက်မှမဟုတ်ဘဲ သူရဲ့ Version အလိုက်ပဲသုံးလို့ရတယ်ဆို ရင်လည်း Drivers တွေ အတွက် ကျွန်တော်တို့လို လေ့လာ ခါစတွေ အတွက် ...နားလည်လွယ်အောင် ရှင်းပြပေးပါ အစ်ကို ....ကျေးဇူးတင်ပါတယ် ... ကွန်ပျူတာ Professional တစ်ယောက်ဖြစ်လာအောင် ဘာတွေကို လေ့လာ မှတ်သားပီး ဘယ်လို သင်တန်းမျိုးတွေ တက်သင့်တယ်ဆိုတာလေးကိုပါ နည်းညွန်ပေးပါနော် အစ်ကို ....ဒီထက်မက အောင်မြင်ပါစေ ....အစ်ကို ကျေးဇူးတင်ပါတယ် …

ဒီအောက်ဆုံးမှာ ခွေတစ်ခွေစာပေးထားပါတယ်။ ဒီခွေဟာ အင်တာနက် မရှိလည်း ဘယ်စက်အတွက် မဆို Driver ပါပီးသားပါ။ ဒီခွေကို ဆောင်ထားမယ် ဆိုရင် Driver ကို ပင်ပင်ပန်းပန်း ရှာစရာမလိုပါဘူး။



ကျွန်တော်တို့ တွေ စက်တလုံးဝယ်လာတာပဲ့ ဖြစ်ဖြစ် Laptop တလုံးဝယ်လာတာပဲ့ ဖြစ်ဖြစ် Driver ရှာရတဲ့ ဒုက္ခကို ခံစားဘူးကြမှာပါ။ တချို့က ကိုယ့်စက်မှာ ဘာ Driver version တွေ Series တွေ ဆိုတာကို မသိတော့ ရှာရခက်နေဘူးကြမှာပါ။ 2009 လောက်တုန်းက ဆိုရင် ဒီပြသနာက တော်တော်လေးကို ဂရက်ရိုက်ခဲ့သေးတယ်။ ဘာလို့လည်းဆိုတော့ နောက်ပေါ် Series တွေ က အသစ်တွေ ထွက် အရင်က ထွက်ခဲ့တဲ့ Series တွေ တွက် Driver တွေက Update မလုပ်ပေးနိုင်ကြ နောက်  Driver ခွေ ပျောက်တဲ့ လူက ပျောက်နဲ့ အမျိုးမျိုး ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာခဲ့ကြတယ်။ တချို့ က ပြေလည်သွားကြသလို တချို့ က အခုထိ မပြေလည်ပဲ့မှေးသုံးနေရတဲ့ သူတွေ ရှိသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ 2009 လောက်ကတည်းက ဖြစ်နေတဲ့  ပြသနာကို ဒီနေ့တော့ ကျွန်တော် ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီးပေါ်လာခဲ့ပါပြီ။ ဒီနည်းလမ်းတွေထဲကနေ မြန်မာတွေ အတွက် အဆင်ပြေမယ့် နည်းလမ်းကို ကျွန်တော် တို့ ရွေးရှာကြည့်တော့ အောက်က နည်းလမ်းလေးတွေကို သွားတွေ့မိတယ်။ ကဲ့ စာဖတ် ညီအကိုမောင်နှမတွေဆက်ဖတ်ပေးပါဦး။
ကျွန်တော် အခု အင်တာနက် မရှိတဲ့ သူတွေ Offline User တွေ နဲ့ အင်တာနက်  ကနေ အလွယ်တကူ ရှာနိုင်တဲ့ နည်းလမ်း နှစ်မျိုးကိုပဲ့  ရေးပါမယ်။


အင်တာနက် ရတဲ့ ညီအကိုမောင်နှမတွေကလည်း ဘာမှ မလိုဘူး နက်လေး ရှိနေတာပဲ့ ဒီလောက်တော့ ကိုယ့်ဘာသာ ရှာမှာပေါ့ လို့ ပြောမဲ့ညီအကိုတွေ မောင်နှမတွေ စာကို ဆုံးအောင် ဖတ်ကြည့်ပါ။ အလွယ်တကူ ရှာနိုင်တာ အပြင် ကိုယ်စက်မှာ Driver ဘာအမျိုးအစား သိစရာ မလိုပဲ့နဲ့ကို စက်ရဲ့ Driver နဲ့ ကိုက်ညီတဲ့  Driver တွေကို Auto  ရှာပြီး ဒေါင်းလုပ်လုပ်ပေးသွားမှာပါ။ ကဲ့ ဒီလောက်တောင် ကောင်းလိုက်တဲ့ နည်းလမ်းလေးက ဘာမို့လည်း ဘာ  Software လည်းကြည့်ရအောင်.... အထွေးအထူးတော့ မဟုတ်ပါဘူး။ Driver checker ပါ။ အသုံးပြုလွယ်သလောက် လိုအပ်တဲ့ Driver တွေကို မှန်မှန်ကန်ကန် ဒေါင်းလုပ်ချပေးနိုင်တဲ့ software တမျိုးပါပဲ့ အသုံးပြုပုံလေး တချက်ကြည့်ရအောင်...


ကျွန်တော်တို့ အရင်ဆုံး Driver Checker  ကို လိုအပ်ပါတယ်။ ဒီအောက်က လင့်ကနေ ဒေါင်းပါ။ ပြီးရင်တော့ ကျွန်တော်တို့ ရမ်း ရပါလိမ့်မယ်။ ရမ်းတဲ့ ချိန်မှာ serial key မတောင်းရင်လည်း အသုံးပြုတဲ့ အချိန်မှာ Key တောင်းပါလိမ့်မယ်။ ဒီထဲ့မှာ key ပါပြီးသားပါ။ ကြိုက်တဲ့ Key ကို အသုံးပြုနိုင်ပါတယ်။  Key လည်း ဖြည့်ပြီးပြီဆိုရင် အောက်က ပုံလေး လို ညာထောင်မှာ Register နေရာမှာ သော့ခလောက်လေးက သော့ခက်နေတဲ့ ပုံလေးကနေ ပွင့်တဲ့ ပုံလေး ဖြစ်နေပါလိမ့်မယ်။ ဒီချိန်မှာ ကျွန်တော်တိှု့ Start Scan ကို နိုပ်ပြီး လိုအပ်နေတဲ့ Driver တွေကို ရှာပါ။ သူဘာသာ ရှာသွားမှာပါ။


 




လိုအပ်နေတဲ့ Driver တွေကို အနီရောင်နဲ့ ပြမှာ ဖြစ်ပြီး ရှိပြီးသား တကယ်ကို ကိုက်ညီတဲ့ Driver Series တွေကိုတော့ အောက်ကလို အပြာရောင်လေးနဲ့ ပြနေမှာပါ။





လိုနေတဲ့ Driver ပုံစံလေးတွေကို အောက်က ပုံမှာ ကြည့်နိုင်ပါတယ်။ဒီလို လိုနေတဲ့ Driver တွေကို ကျွန်တော် အပြာရောင်နဲ့ လေးထောင်ကွက် ၀ိုင်းပြထားတဲ့ အထဲ့က အစိမ်းရောင် ပုံလေးကို နိုပ်ပြီး ဒေါင်းလုပ် install လုပ်ရပါလိမ့်မယ်။






ကျွန်တော်တို့ အစိမ်းရောင်ပုံလေးကို နိုပ်လိုက်ရင် အောက်က ပုံလို Download , Install , Close သုံးမျိုးတွေ့ပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို Driver တွေကိုပါ သိမ်းထားချင်တယ်ဆိုရင် Download ကို အရင်လုပ်ပါ  ။ ပြီးသွားလို့ ပြည့်ပြီ ဆိုမှ  install လုပ်ပေးလိုက်ပါ။ ဒါဆိုရင် window တင်ပြီးပြီးချင်း ဒီ Software လေး ရှိနေရင် အဆင်ပြေနေပါပြီ။ ဒါမှ မဟုတ် တခါ  လုပ်ပြီးသားဆိုရင် သူ ဒေါင်းလုပ်ထားတဲ့ Location ထဲ့မှာ ကိုက်ညီတဲ့ Software တွေကို ဒေါင်းလုပ် Folder ထဲ့ကနေ သွားယူပြီး တနေရာမှာ သိမ်းထားလိုက်ပါ။ Location ကတော့ ဒီနေရာမျိုးပါ။


C:\Program Files\Driver Checker\download




တကယ်လို့မှ ကျွန်တော်တို့က အစိမ်းပုံလေးကိုလည်း နိုပ်မနေချင်ဘူး အလုပ်ရူပ်တယ် တခုချင်းလိုက်လုပ်နေရတာ မျက်စိနောက်တယ်ဆိုရင် Next ကို ဆက်သွားလိုက်ပါ။  Download , အရင်လုပ် ပြီးမှ Install လုပ်ပေါ့။


ဒီလောက်ဆိုရင် Driver series တွေ သိစ၇ာမလိုတော့ဘူး။ အင်တာနက်ရနေရင် အလွယ်တကူ ရှာနိုင်ပြီပေါ့။





လင့်ပြင်ပေးထားပါတယ်။



Driver Checker Download ချရန်လင့်



OR




http://min.us/mlFX3fCgm



ဟုတ်ပါပြီ အင်တာနက် မရတဲ့ သူတွေ အတွက် ကျတော့ ဘယ်လို ဖြေရှင်းနိုင်မလည်း?။..


ဒီတွက်လည်း မပူပါနဲ့ အမေးရှိရင် အဖြေရှိတယ် မဟုတ်လား ၊ ဒီ အတွက် အင်တာနက် မရတဲ့ ညီအကိုမောင်နှမများတွက် သဘောထားကောင်းကောင်းနဲ့ အလကားမျှဝေနေတဲ့ Driver Pack Solution  ရှိပါတယ်။ အဲ့ဒီအဖွဲ့ အစည်းရဲ့ ဖြန့်ဝေမူကိုတော့ လေးစားမိပါတယ်ဗျာ။ သူကတော့ ဆိုဒ်ကြီးတယ်။ အမှန်ပြောရရင် 3 GB နီးပါး ရှိတယ်။ ဒါပေ့မယ် ဘာမှ ထွေထွေထူးထူးလုပ်နေစရာမလိုဘူး။ သူကို ဒေါင်းပြီးတာနဲ့ ခွေရိုက်လိုက်ရုံပဲ့ ပြီး ရင် လိုအပ်တဲ့ Driver တွေကို သူ့ဘာသာ Auto ရမ်းပေးသွားတယ်။ ဘယ်စက်အတွက် ဘယ် Driver အတွက် မဆိုအကုန်ရပါတယ်။။ နောက်ပိုင်းထွက် စက်တွေ အထိပါ ရပါတယ်။ ပြီးတော့ ဘာဝင်းဒိုးပဲ့ ဖြစ်ဖြစ် အကုန် အဆင်ပြေပါတယ်။လိုချင်ရင် အောက်မှာ ယူလိုက်ပါ။


driver solution pack download Links


လင့်ပြင်ပေးပီး



မူရင်းဆိုဒ်



http://drp.su/   


or Torrent download links ( new)



OR





OR





http://www.mediafire.com/?lq1oo6f1yyl0m 


(new Update Links )



OR



Ifile Links


New Update Links
NEW Update Links တွေမှာ အသစ်တင်နေဆဲ့မို့ မကြာခင်မှာ အကုန် အပိုင်းလိုက် အစုံရပါလိမ့်မယ်။ အခုတော့ တလင့်မှာ ၅ ပိုင်းဆီလောက်ရှိနေပါပီ။ တကယ်တန်းတော့ အပိုင်း ၃၃ ပိုင်းရှိပါလိမ့်မယ်။

Wednesday, May 23, 2012

how-to-use-g-talk-conference



ဒီနည်းလမ်းလေးက တော်တော်များများလည်း သိ့ပြီးဖြစ်ပါလိမ့်မယ်။ ကြာလည်း ကြာပါပြီ ။ မသိ့သေးတဲ့ သူတွေအတွက် ကျွန်တော် မျှဝေပေးလိုက်ပါတယ်။ တိုလီမုတ်စ လေးပေါ့ ။ G-Talk Crazy တွေဆိုရင် သူငယ်ချင်း အချင်းချင်း Group Chat ပြောလို့ရမယ်။ နောက် သတင်းထောက်တွေ ၊ နည်းပညာသမားတွေ Group ဖွဲ့ပြီး ဖလှယ်လို့ ရတာပေါ့။ ဘယ်ဟာမဆို အကျိုးရှိရှိ အသုံးချမယ် ဆိုရင်ကောင်းပါတယ်။ လုပ်နည်းကလဲ လွယ်ပါတယ်။ သိ့ပြီးသား သူတွေကတော့ ဆော်ရီးပါ ။ မသိ့သေးတဲ့သူတွေကတော့ ကျွန်တော် ပြောတဲ့ အတိုင်း လုပ်ကြည့်လိုက်ပါ။
ပထမဆုံး မိမိ G Talk ကို ဖွင့်ထားလိုက်ပါ။ ပြီးရင် G Talk ကနေ service@gtalk2voip.com ကို Add လိုက်ပါ။ ကိုယ်နဲ့ group ဖွဲ့ပြီး ပြောမဲ့သူတွေကိုလည်း Add ထားခိုင်းလိုက်ပါ။
service@gtalk2voip.com ကို add ပြီးသွားပြီဆိုရင် Master (အကြီးအကဲ) လုပ်မဲ့သူက service@gtalk2voip.com ကို Chat Box ဖွင့်ပြီး conf လို့ရိုက်ပြီး Enter ခေါက်ပါ။
အဲဒါဆို service ကနေ Misscall ၀င်လာပါလိမ့်မယ် ။ Answer ကိုနှိပ်လိုက်ပါ။ Answer လုပ်ပြီးတဲ့အခါ service ကနေ cookies code ပို့ပေးပါလိမ့်မယ်။ အရေးကြီးပါတယ်။အဲဒီ Code ကို ကိုယ်နဲ့ အတူတူ ပြောမဲ့ သူတွေကို ပေးရပါမယ်။ Master ကပေးတဲ့ code ကို Group Chat မဲ့သူတွေက အဲဒီ code ရဲ့ ရှေ့မှာ join/ ဆိုတာကို ထည့်ပြီး service@gtalk2voip.com ကို Chat Box ဖွင့်ပြီး ပို့ပေးရပါမယ်။ (ဒီနေရာမှာ join/ ဆိုတာကို ထည့်ပြီးရင် Spacebar တစ်ချက် ခြားပေးရပါမယ်) အကောင်းဆုံးကတော့ master လုပ်တဲ့သူက ကိုယ်နဲ့ ပြောမဲ့ တစ်ဖတ်လူကို join/ cookies code ကို ရိုက်ပြီး ပို့ပေးလိုက်တာ ကောင်းပါတယ်။ သူတို့က တစ်ခါ copy ကူးပြီး service@gtalk2voip.com ကို ပြန်ပို့ပေါ့။ အဲဒါဆို တစ်ဖတ်လူ အဆင်ပြေတာပေါ့ ။ ကိုယ်ကြိုက်သလောက် လူစုပွားပြီး ပြောလို့ ရပါတယ် ..။ အဆင်ပြေကြပါစေ .