Wednesday, May 23, 2012

how-to-use-g-talk-conference



ဒီနည်းလမ်းလေးက တော်တော်များများလည်း သိ့ပြီးဖြစ်ပါလိမ့်မယ်။ ကြာလည်း ကြာပါပြီ ။ မသိ့သေးတဲ့ သူတွေအတွက် ကျွန်တော် မျှဝေပေးလိုက်ပါတယ်။ တိုလီမုတ်စ လေးပေါ့ ။ G-Talk Crazy တွေဆိုရင် သူငယ်ချင်း အချင်းချင်း Group Chat ပြောလို့ရမယ်။ နောက် သတင်းထောက်တွေ ၊ နည်းပညာသမားတွေ Group ဖွဲ့ပြီး ဖလှယ်လို့ ရတာပေါ့။ ဘယ်ဟာမဆို အကျိုးရှိရှိ အသုံးချမယ် ဆိုရင်ကောင်းပါတယ်။ လုပ်နည်းကလဲ လွယ်ပါတယ်။ သိ့ပြီးသား သူတွေကတော့ ဆော်ရီးပါ ။ မသိ့သေးတဲ့သူတွေကတော့ ကျွန်တော် ပြောတဲ့ အတိုင်း လုပ်ကြည့်လိုက်ပါ။
ပထမဆုံး မိမိ G Talk ကို ဖွင့်ထားလိုက်ပါ။ ပြီးရင် G Talk ကနေ service@gtalk2voip.com ကို Add လိုက်ပါ။ ကိုယ်နဲ့ group ဖွဲ့ပြီး ပြောမဲ့သူတွေကိုလည်း Add ထားခိုင်းလိုက်ပါ။
service@gtalk2voip.com ကို add ပြီးသွားပြီဆိုရင် Master (အကြီးအကဲ) လုပ်မဲ့သူက service@gtalk2voip.com ကို Chat Box ဖွင့်ပြီး conf လို့ရိုက်ပြီး Enter ခေါက်ပါ။
အဲဒါဆို service ကနေ Misscall ၀င်လာပါလိမ့်မယ် ။ Answer ကိုနှိပ်လိုက်ပါ။ Answer လုပ်ပြီးတဲ့အခါ service ကနေ cookies code ပို့ပေးပါလိမ့်မယ်။ အရေးကြီးပါတယ်။အဲဒီ Code ကို ကိုယ်နဲ့ အတူတူ ပြောမဲ့ သူတွေကို ပေးရပါမယ်။ Master ကပေးတဲ့ code ကို Group Chat မဲ့သူတွေက အဲဒီ code ရဲ့ ရှေ့မှာ join/ ဆိုတာကို ထည့်ပြီး service@gtalk2voip.com ကို Chat Box ဖွင့်ပြီး ပို့ပေးရပါမယ်။ (ဒီနေရာမှာ join/ ဆိုတာကို ထည့်ပြီးရင် Spacebar တစ်ချက် ခြားပေးရပါမယ်) အကောင်းဆုံးကတော့ master လုပ်တဲ့သူက ကိုယ်နဲ့ ပြောမဲ့ တစ်ဖတ်လူကို join/ cookies code ကို ရိုက်ပြီး ပို့ပေးလိုက်တာ ကောင်းပါတယ်။ သူတို့က တစ်ခါ copy ကူးပြီး service@gtalk2voip.com ကို ပြန်ပို့ပေါ့။ အဲဒါဆို တစ်ဖတ်လူ အဆင်ပြေတာပေါ့ ။ ကိုယ်ကြိုက်သလောက် လူစုပွားပြီး ပြောလို့ ရပါတယ် ..။ အဆင်ပြေကြပါစေ .

No comments: