Friday, May 3, 2013

Rounter setting

Rounter setting 


ကျတော်router Tp link model TL-WR941ND အမျိုးအစား သုံးထားပါတယ်။ ကျတော်ကအပြင်ကို ပြန်ပြီးလွှင့်ပါတယ်။ ကျတော်မသိတဲip တွေ ၀င်လာပါတယ် ကျတော်ကတော့ ပိတ်ထားချင်ပါတယ်။ mac address ကိုrouter ထဲမှာထည်ပြီး ပိတ်ထားလဲ မရပါဘူး။ ဘယ်လိုပိတ်ရင်ရပါလဲ။ ဆောဝဲလေးရှိရင်ကူညီပါအုံး။ router ထဲမှာ ဘယ်လိုပိတ်ရလဲ ဆိုတာကိုလဲ ပြောပေးပါနော်

ကျွန်တော် wifi ဖောက်နည်းနဲ့ ပတ်သက်ပြီး ပို့စ်မတင်တာ အဲ့ဒါတွေ ပါပါတယ်. ခုအချိန်အထိလည်းပဲ သူများ လွှင့်ထားတဲ့ wifi password ခံထားရင် ဘယ်တုန်းကမှ မဖောက်ခဲ့ဖူးပါဘူး. wifi ကိုဖောက်ဖို့ စမ်းတုန်းကတောင်မှ ကို့သူဌေး လွှင့်ထားတဲ့ wifi ကိုပဲ laptop အသစ်နဲ့ ဖောက်ခဲ့ဖူးတာပါ. ဒါဟာလည်း ကျွန်တော်တို့ကို ပေးထားပြီးသား password ပါပဲ. ရမရ အောင်မြင်/မအောင်မြင် သိချင်ယုံစမ်းတာပါ. ကျွန်တော်အင်တာနက်ကို ခုအချိန်အထိ ပိုက်ဆံပေးပြီး ဆိုင်မှာ သုံးချင်ရင် သုံးမယ် မဟုတ်ရင်တော့ ကိုယ်ပိုင်ဖုန်းလိုင်းနဲ့ သုံးပါတယ်. ဘာဖြစ်လို့လဲဆိုရင် သူတို့တွေက ပိုက်ဆံပေးပြီး လိုင်းဝယ်ထားတယ် ကိုက လက်အငြိမ်မနေပဲ download ဆွဲမယ့်သူလေ. အဲ့တော့ သူတို့ဖက်မှာ လိုင်းတွေ ကျသွားတာပေါ့. အဲ့ဒီ့အတွက်ကြောင့် သူများလွှင့်တဲ့လိုင်းကို မသုံးဖြစ်တာပါ. တစ်ချို့တွေက နားမလည်ဘဲနဲ့ သူငယ်ချင်းတွေ သုံးစေချင်လို့ wifi ကို ဖွင့်ပေးထားပါတယ်. setting ထဲကိုဘယ်လို ၀င်ရမယ် ဘယ်လိုပြင်ရမယ်ဆိုတာကို နားမလည်ကြပါဘူး. အဲ့လို နားမလည်တဲ့သူတွေကို နားလည်တဲ့သူတစ်ချို့က သူ့ရဲ့လိုင်းထဲကိုဝင် ပြီးတော့ သူ့ရဲ့ Default IP ကို ပြောင်းတယ်. Default username နဲ့ Default password ကိုပါ ပြောင်းလိုက်ပါတယ်. ဟိုက နားမလည်တော့ ဘာမှ မလုပ်တတ်တော့ဘူးပေါ့. အဲ့ဒီ့အတွက် ပို့စ်သီးသန့်ရေးပေးပါ့မယ်. ယခုလက်ရှိ ကျွန်တော် သုံးနေတာက Hongdian အမျိုးအစား 3G rounter ကို သုံးနေပါတယ်. ညီလေးရေ အောက်က နည်းအတိုင်း စမ်းကြည့်လိုက်ပါ.

ညီလေးရဲ့ TL-WR941ND အမျိုးအစားရဲ့ IP, Username, Password ကိုအောက်မှာ ပေးထားပါတယ်.

TL-WR941ND Default IP: 192.168.1.1
TL-WR941ND Default Password:
admin
TL-WR941ND Default Username:
admin 


ဘယ်လိုသုံးရမှာလဲဆိုရင်တော့ ပထမဦးဆုံး IE(internet explorer) ဒါမှမဟုတ် firefox စတဲ့ browser တစ်ခုခု ဖွင့်လိုက်ပါ. ညီလေး firefox browser ရှိလိမ့်မယ်လို့ ယူဆပါတယ်. အဲ့တော့ အဲ့ဒီ့ browser မှာ 192.168.1.1 ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ. Username နဲ့ password တောင်းပါလိမ့်မယ်. အပေါ်မှာပေးထားသလို စာလုံးအသေးနဲ့ပဲ username = admin, password = admin ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ. အဲ့ဒါဆိုရင် ညီလေးရဲ့ rounter setting ထဲကို ရောက်သွားပါပြီ. ညီလေးအနေနဲ့ အဲ့ဒီ့အထဲမှာ ၀င်ပြီးတော့ ပြင်ကြည့်လိုက်ပါ. အဲတကယ်လို့ 192.168.1.1 နဲ့လုံးဝ ၀င်မရတော့ဘူး ဆိုရင်တော့ တစ်ယောက်ယောက်က အပေါ်ကပြောထားသလိုမျိုး ၀င်ပြင်ပြီး ပြောင်းသွားပြီလို့ မှတ်လို့ရပါတယ်. ဒါပေမယ့် စိတ်မပူပါနဲ့. rounter ကို Default reset ချလို့ရပါတယ်. ညီလေးရဲ့ rounter ရဲ့နောက်နားမှာ သွားကြားထိုးတံလောက်ရှိတဲ့ အပေါက်လေး ပါပါလိမ့်မယ်. များသောအားဖြင့်တော့ အပေါက်အောက်မှာ DEF လို့ရေးထားတတ်ပါတယ်. ဒါပေမယ့် rounter အမျိုးအစားနဲ့ ရေးသားတဲ့စာသားချင်း မတူညီနိုင်ပေမယ့် အပေါက်ကတော့ အတူတူပါပဲ. အဲ့ဒီ့ အပေါက်ထဲကို အပေါက်နဲ့ဆံ့တဲ့ တုတ်တံတစ်ချောင်းကို 1 မိနစ်လောက် မလွတ်ဘဲနဲ့ ထိုးထားလိုက်ပါ. တစ်မိနစ် ပြည့်သွားတာနဲ့ ပြန်လွှတ်လိုက်ပါ. အဲ့ဒါဆိုရင် ညီလေးရဲ့ rounter ကို ပြောင်းထားတဲ့ rounter ip, username, password အားလုံးက မူရင်းအတိုင်းဖြစ်သွားပါပြီ . မူရင်းအတိုင်းဆိုတာက အပေါ်မှာ ပြထားတဲ့အတိုင်းပါ. အပေါ်က ပေးထားတဲ့အတိုင်း ပြန်ဝင်ရမှာ ဖြစ်ပါတယ်.


TL-WR941ND Default IP: 192.168.1.1
TL-WR941ND Default Username:
admin 


TL-WR941ND Default Password:
admin


ကဲကျန်တာကတော့ ကိုယ့်ဟာကို ပေးချက်တဲ့ Default IP:, ပေးချင်တဲ့ Default Username နဲ့ ပေးချင်တဲ့ Default Password ကိုသာပေးလိုက်ပါ . ပြီးတာနဲ့ ကိုလွှင့်လိုက်တဲ့ wifi password ကို ကိုပေးချင်တဲ့ password ကိုပေးပြီး save လုပ်လိုက်ပါ. အစ်ကို့မှာ ညီလေးအမျိုးအစား rounter မရှိတဲ့အတွက် အသေးစိတ် မရေးပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး. ဒါပေမယ့် အချိန်ရတယ်. ယုံကြည်တယ်ဆိုရင်တော့ ညီ့ရဲ့ ကွန်ပျူတာထဲကို ခဏ၀င်ပြီးတော့ ကြည့်ပေးပါ့မယ်. ဒါပေမယ့် အစ်ကို့ရဲ့ ဆိုက်မှာ တင်ဖို့အတွက် screen short တော့ ရိုက်ယူမှာ ဖြစ်ပါတယ်. screen short ရိုက်မယ်ဆိုတာက ညီရဲ့ အမှန် password နဲ့ အမှန် username ကို မရိုက်ပါဘူး. photoshop နဲ့ပြောင်းထားပေးမှာပါ. ပထမဦးဆုံး ၀င်ပြီးတော့ စမ်းစေချင်ပါတယ်. အရာရာတိုင်းဟာ စူးစမ်းချင်တဲ့စိတ်ရှိမှ အတတ်မြန်တာပါ. စမ်းသာစမ်းပါ. rounter မပျက်စေရဘူးလို့ အစ်ကို အာမခံပါတယ်.

No comments: