ကာရာအိုကေစာတန်းထိုးနည်းကို Sony Vegas Pro 12 နဲ့ ပြုလုပ်နည်း နှင့် စာအုပ်..
ကာရာအိုကေစာတန်းထိုးနည်းကို တော်တော်များများပြုလုပ်ဖို့စိတ်ဝင်စားကြတယ်။ အခုခေတ်အနေအထားနဲ့ဆို အသက်မွေး ၀မ်းကြောင်းအားဖြင့်အသုံးတည့်တယ်လို့လည်း ဆိုရမယ်။ အရင်က adobe aftereffect နဲ့ ကာရာအိုကေစာတန်းထိုးနည်း ပို့စ်တင်ခဲ့ပြီးသားဖြစ်ပါသည်။ သို့သော်အတော်လက်ဝင်ပါတယ်။ အချိန်လည်းတော်တော်ပေးရတယ်။ ဆိုတော့ အခုတင်ပြ မယ့် Sony Vega Pro 12 နဲ့ကရာအိုကစာတန်းထိုးနည်းသည် ပိုပြီးတော့အဆင်ပြေပါလိ့မ်မည်။ အချိန်လည်းသိပ်မကုန်
လူလည်းသိပ်မပန်းလောက်တော့ဘူး။ ကျနော်အတတ်နိုင်ဆုံး ပုံ screen shot နဲ့တွဲပြီးရေးပြထားပါတယ်။
ဒါကလဲ မိမိမှာedit အပိုင်းအခြေခံလေးတွေရှိထားတယ်ဆိုပိုပြီး အဆင်နိုင်တယ်။
edit အပိုင်းအခြေခံမရှိထားဘူးဆိုလျှင် နည်းနည်းတော့ခက်ခဲမှာအမှန်ပင်။
သို့သော် လိုချင်မှု အားထုတ်မှုသည်သာပဓာနဖြစ်ပါသည်။ ထပ်ခါတလဲကြိုးစားကြည့်
မည်ဆိုလျှင် ကရာအိုကေစာတန်းထိုးနည်းကို ဒီ Sony Vega Pro 12
နဲ့မခက်ခဲကြောင်းကို သဘောပေါက်လာပါလိမ့်
မည်။
Sony Vegas Pro 12 နဲ့ ကရာအိုကေစာတန်းထိုးနည်း
၁။ ထုံးစံအတိုင်း Sony Vega Pro 12 ကိုဖွင့်လိုက်ပါ။ (အင်စတောထည့်သွင်းနည်းတွေကို ကျနော့်ဆိုက်မှာတင်ထားပြီး သားဖြစ်သည်။) ဖွင့်ပြီလျှင် အောက်ပါအတိုင်း Main Screen မြင်ရမှာဖြစ်ပါသည်။
၂။ Menu က File ကိုနှိပ်ပြီး Properties ဆက်ကိုနှိပ်ပါ။ အောက်က ပုံအတိုင်း Template အကွက်တွင် မိမိစိတ်ကြိုက်ဗွီဒီယိုTemplateကိုရွေးချယ်ပါ။ ကျနော်ကတော့ NTSC DV ကိုပဲရွေးလိုက်တယ်။ ကျန်တဲ့အကွက်တွေကို ခဏထားပြီး OK ကိုသာနှိပ်လိုက်ပါ။





၆။ TmieLine မှာရှိတဲ့ဗွီဒီယိုဖိုင်ကို ဗွီဒီယိုနဲ့ အသံနှစ်လိုင်းတွေ့ရမှာဖြစ်ပါသည်။ Audio မှာ Stereo ရွေးချယ်ထားရင် အသံက နှစ်လိုင်းတွေ့ရမယ်။ Audio မှာ Single 1 လို့ရွေးထားရင် အသံတစ်လိုင်းပဲတွေ့ရမယ်။ အဲဒါတော့သတိထား နိုင်ဖို့ပါ။ အဲဒီဗွီဒီယိုနဲ့အသံဖိုင်ကို ခွဲထုတ်စေချင်လျှင် ၎င်းအသံဖိုင်နှစ်ခုစလုံးကို select ပေးပါ။ ပြီးတော့ အသံဖိုင်တည့်တည့်ကို Right Click ထောက်ပြီး Group > Clear {Ctrl + U} ကိုနှိပ်။ ထိုနောက် ကီးဘုတ်ပေါ်က Delete ကိုနှိပ် လိုက်ရင် အသံဖိုင်နှစ်ခုစလုံးပျက်သွားပါလိမ့်မယ်။




၁၀။ အောက်ပါပုံအတိုင်း Media Generators ဘောက်စ်ပေါ်လာမည်။ ထိုတွင် Title & Text ကိုရွေးပြီး Simple Text(Default) ကိုမောက်စ်နဲ့ဖိ ဒရက်ဖ်တ်စွဲပြီး ခုဏအသစ်ယူထားတဲ့ Video Track နှစ်ခုတည်းက အောက်ကအကွက်တွင် စွဲထည့်လိုက်ပါ။ ၎င်းစာသားကိုလည်း မိမိတည်းဖြတ်မည့်သီချင်းစာသားနဲ့ချိန်းပြီးရိုက်ထည့်ပါ။ ဖေါင့်အရွယ်အစားကိုလည်း၂၅ လောက်ထားပါ။ ဒီနေရာမှာ ကျနော်ကတော့ "ဟှေဝ် ထံင်လ်ုအ်ုယါင် ၀ဲါကျဝ်အေ" ဆိုတဲ့သီချင်းနဲ့ စာသားကိုနမူနာအ
ဖြစ်တင်ပြသွားမယ်။

ကလေးကိုဂရုတစိုက် လုပ်ဆောင်ရမည်ဖြစ်သည်။ )






၁၄။ ဒီအဆင့်မှာ အရောင်ချယ်ထားတဲ့စာသားဖိုင်ကို အရောင်ပြေးအောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Timeline တွင် ခုဏက အရောင်ချယ်ထားသောစာဖိုင်ထဲမှာ Event FX ကိုနှိပ်ပြီး ထိုနောက်ပေါ်လာသော ဘောက်စ်တွင် Sony Cookie Cutter ကိုနှိပ်ပြီး OK ပေးပါ။





၁၈။ ပြီးတော့ Timeline တွင်လည်း Loop Reign ကို မိမိ ပရောဂျက်ဖိုင်ရဲ့ အစ၊ အဆုံးပေးထားပါ။

၁၉။ ဒါတော့ ဗွီဒီယိုဖိုင်ဖြစ်လာဖို့ နောက်ဆုံး Render လုပ်ရမည့်အဆင့်ပါ။ File> Render As ကိုနှိပ်ပါ။

၂၀ ။ Render As ပေါ်လာလျှင် Name ကို နာမည်ပေးပါ။ Output Format တွင်
မိမိစိတ်ကြိုက်ရွေးပါ။ ကျနော်အနေနဲ့ NTSC DV ကိုရွေးပါတယ်။ ထိုနောက်
Customize Template ကိုရွေးပြီး Template တွင် NTSC DV ကိုရွေးပါ။ အောက်
ခြေက Project ကိုရွေးပြီး video rendering quality တွင် best ကိုရွေးပါ။ OK
ကိုနှိပ်လိုက်တာနဲ့ Render လုပ် နေတာတွေ့ရမှာဖြစ်ပါတယ်။
ဗွီဒီယိုအချိန်ကြာတာကိုမူတည်ပြီး Render လုပ်သွားမှာဖြစ်သည်။

အများသူငှာအကျိုးများစေနိုင်တဲ့ဒီကျူတူရီယ်လ်ကိုအချိန်ပေးပြီးရေးခဲ့ရသည့်အတွက်
ကျနော်မည်သည့်နေရာပဲ ရောက်ရောက် ပညာပါရမီအဖြစ်ရည်စူးပါသည်။
အထက်မှာဖေါ်ပြခဲ့တဲ့ ပို့စ် တစ်ပုဒ်လုံးကို အချိန်ပေးပြီး မဖတ်ချင်ဘူးဆိုရင်တော့ အောက်မှာ Ebook လုပ်ပေးထားပါတယ်..
အဆင်ပြေပါစေ..
No comments:
Post a Comment